Web Development Services

လူကြီးမင်းတို့ရဲ့ လုပ်ငန်း၊ အဖွဲ့အစည်း စသည်တို့ရဲ့ ကိုယ်ပိုင် Website များကိုLaptop မှဖြစ်စေ၊ Tablet မှဖြစ်စေ၊ Mobile Phone မှဖြစ်စေ အဆင်ပြေပြေကြည့်ရှုနိုင်စေရန် ဖန်တီးပြုလုပ်ပေးခြင်းများကို Web Development Service အဖြစ် စိတ်တိုင်းကျသည်အထိ ဝန်ဆောင်မှုပေးလျက်ရှိပါတယ်။
ပုံမှန် Website များတင်မကပဲ လုပ်ငန်းသုံး Web-Based Application များ၊ Hotel/Motel Booking ပြုလုပ်နိုင်သော Website များ၊ Web မှတဆင့် စျေးရောင်းနိုင်သော E-Commerce Website များ၊ ငွေဝင်ငွေထွက် စာရင်းဇယားများနှင့် Report များအပြင် အခြားသော လူကြီးမင်းတို့ လိုအပ်တဲ့ Feature များကို ကျွန်တော်တို့မှ စုံလင်အောင် စိတ်တိုင်းကျ ရေးဆွဲဖန်တီးပေးနိုင်ပါတယ်။
Web Development Services

ရိုးရှင်းသော Website များ
လုပ်ငန်း၊ အဖွဲ့အစည်းနှင့်ပတ်သတ်သော အချက်အလက်များ၊ ပုံများ၊ Video များကိုသာ လွှင့်တင်ထားနိုင်ရန်အတွက်သင့်တော်ပါတယ်။
လာရောက်ကြည့်ရှုသူများမှ အလွယ်တကူ ဖုန်းခေါ်ဆိုနိုင်ခြင်း၊ Email ပို့နိုင်ခြင်း၊ သို့မဟုတ် Contact Form မှတဆင့် အလွယ်တကူဆက်သွယ်နိုင်ခြင်းများ ထည့်သွင်းနိုင်သောကြောင့် လုပ်ငန်းပိုမိုတွင်ကျယ်စေမှာဖြစ်ပါတယ်။

Dynamic Website များ
Content Management System များကို အခြေခံထားသော Website များဖြစ်သည့်အတွက် Blog နှင့် Article များရေးသားနိုင်ခြင်းကြောင့် လုပ်ငန်းနှင့်ပတ်သက်သော လှုပ်ရှားမှုများ၊ ကြော်ငြာများ၊ သတင်းများ၊ ပုံနှင့်စာများကို စိတ်ကြိုက် ရေးသားလွှင့်တင်ထားနိုင်ပါသည်။ ထို့နောက် Social Network များပေါ်တွင် ကိုယ်ပိုင် Domain ပါဝင်သော Link အဖြစ် ပြန်လည်မျှဝေနိုင်သည့်အတွက် ခိုင်မာသော သတင်းအချက်အလက်များအဖြစ် အသိအမှတ်ပြုခံရမှာဖြစ်တဲ့အတွက် လုပ်ငန်းအား ပိုမိုအထောက်အကူဖြစ်စေမှာပါ။

Basic E-Commerce Website များ
Online Shop လုပ်ငန်းအသေးများအတွက် သင့်တော်သော Website ဖြစ်ပါတယ်။ ကုန်ပစ္စည်းများ၏ ပုံများ၊ အကြောင်းအရာများ၊ စျေးနှုန်းများကို လွှင့်တင်ထားပြီး လာရောက်ကြည့်ရှုသူများမှ စိတ်ကြိုက်ရှာဖွေဝယ်ယူနိုင်မှာပဲဖြစ်ပါတယ်။ ဝယ်ယူသူများအနေဖြင့် ၎င်းတို့၏ နာမည်၊ လိပ်စာနှင့် ဖုန်းနံပါတ်များ ထည့်သွင်းထားနိုင်မည်ဖြစ်ပြီး တစ်ခုထက်ပိုသော ကုန်ပစ္စည်းများကို မှာယူနိုင်ရန်အတွက် Cart/Order တင်နိုင်မှာဖြစ်ပါတယ်။ Admin အနေဖြင့်လည်း Order များကို လက်ခံကာ Confirm ပြုလုပ်ပေးနိုင်မှာပါ။ ထို့ပြင် လစဉ်ရောင်းရသည့်စာရင်းများကိုလည်း Report ထုတ်နိုင်တဲ့အတွက် လုပ်ငန်းပိုမိုလျင်မြန်လာစေမှာပါ။